ကျွန်တော် တတ်လို့ ရယ်တော့မဟုတ်ပါ။ သို့ သော် ကိုယ်ပိုင်ထင်မြင်ချက်လေးနဲ့  ဘာမှမရှိသေးတဲ့ အတွေ့ ကြုံလေးတွေရယ်ပေါင်းစပ်ပြီး ဖြစ်ပေါ်လာတဲ့ အပြုသဘောပါသော ယူဆချက်လေးကို ဆွေးနွေးတင်ပြကြည့်ချင်သည်။ ကျွန်တော်တို့  နိုင်ငံမှာ ကွဲပြဲပြီး အယူအဆအသီးသီးကိုင်ဆွဲကာ သူတစ်မျိုး၊ငါတစ်ဖုံနေလာပြုမူလာကြတာ နှစ်ပေါင်းများစွာလည်း ကြာညောင်းလို့  မျိုးဆက်အသီးသီးလည်း စုတ်ပြတ်စွာနဲ့ ရှင်သန်နေကြရတယ်။ ကွဲပြဲမှုတွေကို အဖြေမညှိချင်ကြဘူးလား။ အဖြေကိုမရှာချင်ဘူးလား။ လားပေါင်းများစွာကို ကျွန်တော် သိချင်နေမိ၏။ ဘာလို့ ဆိုတော့ အစုအဖွဲ့ တွေက ကိုယ့်ရပ်တည်ချက်ကိုယ်ပဲ အစွန်းရောက်စွာနဲ့ ကိုင်ဆွဲနေကြတယ်။ ဘုံအကျိုးကို ပထမဆုံးရှာဖို့ မေ့နေတယ်၊ သို့ မဟုတ် လုပ်ခွင့်မရကြတာလား ဒါဆို ဘယ်လိုချဉ်းကပ်ကြမလဲဆိုတာကို အမျှော်မြင်ရှိစွာနဲ့  လုပ်ကြရမယ်။ နှစ်ဘက်သို့ မဟုတ် အဖွဲ့ အားလုံးလိုချင်တာ ကိုယ့်ဒေသ ကိုယ့်ပြည်သူတိုးတက်ပြီး ငြိမ်းချမ်းစွာနေထိုင်နိုင်ခွင့်အတွက် အသီးသီးလုပ်ဆောင်နေကြတာလို့ ထင်သည်။ ထို့ အကြောင့် အဘယ်အတွက်နဲ့  ပြည်သူတွေ ကိုယ့်သားချင်းတွေကို စတေးနေရတဲ့ တိုက်ခိုက်မှုတွေကို နှစ်ဖက်လုံးဘာလို့  လုပ်ချင်နေကြပါသနည်း။
အသိညဏ်ပညာ ကြီးရင့်တဲ့သူတွေဟာ စကားဝိုင်းနဲ့ သာ အဖြေကို ပြီးပြတ်အောင်ရှာကြပါသည်။ နှစ်ဖက်လုံးထိခိုက်မယ့် တိုက်ခိုက်မှုတွေကို မလုပ်သင့်ဟု ထင်မြင်မိပါသည်။ ဒီအကြောင်းအရာသည် နက်နဲပြီး နှစ်ပေါင်းများစွာ အဖြေရှာလာကြတာကို သိပေမဲ့  အဖြေကို ရဖို့ နည်းလမ်း မသိကြလို့ ၊ ဒါမှမဟုတ် မလုပ်နိုင်လို့ ၊ မလုပ်ချင်လို့ ဆိုတာကို တွေ့ ရသည်။ စည်းလုံးညီညွတ်မှုဆိုတာ အားလုံး တန်းတူရည်တူစွာနဲ့  ၀ိုင်းဝန်းလုပ်မှသာ တစ်သွေးတစ်သံတည်းဖြစ်လာမည်။ နှစ်ဖက်လုံးမှာ ကောင်းမွန်တဲ့ စေတနာ အရင်းခံဖို့ ဟာလည်း အရေးကြီးသေး၏။ တစ်ဖက်တည်း စေတနာပါပြီး တစ်ဖက်က အခွင့်ကောင်းယူနေရင်လည်း မပြီးမြောက် မအောင်မြင်နိုင်ပါ။ ထို့ ကြောင့် အရေးကြီးသည်က ငါတို့ လုပ်တာဟာ စစ်မှန်သင့်တော်တဲ့ စေတနာပါသလားဆိုတာကို ဦးစွာသုံးသပ်ပြီးမှ အဖြေရှာဖို့ ပြင်ဆင်သင့်သည်ဟု ထင်မြင်ယူဆမိပါသည်။
No comments:
Post a Comment