Tuesday, 5 July 2011

မြန်မာနိုင်ငံနှင့်  လယ်ယာစိုက်ပျိုးရေး (၁)

မြန်မာနိုင်ငံဟာ လယ်ယာစိုက်ပျိုးရေးကို အဓိကထားတဲ့ နိုင်ငံတစ်နိုင်ငံဆိုတာ အားလုံးသိကြပြီးဖြစ်ပါတယ်။
ထို့ ကြောင့် တောင်သူလယ်သမားလူတန်းစားဟာ တိုင်းပြည်မှာ အများဆုံးဆိုတာ ယုံမှားသံသယရှိဖို့ မလို
တော့ပါဘူး။ ယနေ့ မျက်မှောက်ခေတ်မှာ တိုင်းပြည်ကို တိုးတက်အောင်ဆိုပြီး အစိုးရကော အတိုက်အခံကော
ကြိုးစားအားထုတ်နေတယ်ဆိုတာလည်း ကြားမိဖတ်မိရပါတယ်။ မြန်မာတောင်သူလယ်သမားတွေရဲ့အရေး
ကိုကိုယ့်ဘာသာ ညဏ်မှီသလောက်လေးနဲ့  စဉ်စားတွေးခေါ်ကြည့်မိပြန်ပါသည်။ လယ်ယာစိုက်ပျိုးရေးနဲ့ ဆက်စပ်တဲ့လိုအပ်ချက်တွေကို အရင်ဆုံး စာရင်းလုပ်ကြည့်မိတော့
(၁)စိုက်ပျိုးစရိတ်မရှိခြင်း (၂) တစ်ချို့ ဒေသများတွင်လွတ်လပ်စွာ စိုက်ပျိုးခွင့်မရှိခြင်း (၃)သီးနှံပေါ်ချိန်တွင် ဈေးကစားခံရခြင်း (၄)မိုးလေဝသအခြေနေကို တောင်
သူရော အစိုးရကော ထုတ်ပြန်သိရှိလိုမှုအားနည်းခြင်း (၅) စိုက်ပျိုးရေး ဆက်စပ်ပစ္စည်းများ ပြည်တွင်းတွင်
ထုတ်လုပ်နိုင်မှုနည်းခြင်း (၆) ခေတ်မှီသော စိုက်ပျိုးရေးနည်းပညာများ တောင်သူများမသိခြင်း (၇) ခေတ်မှီ
လယ်ယာသုံးကိရိယာများ မသုံးစွဲနိုင်ခြင်း ဆိုသော အချက်များကို တွေ့ ရှိရပါတယ်။ တကယ်တော့ မြန်မာပြည်
မှာ လက်ရှိစိုက်ပျိုးနေကြတာတွေဟာ မိရိုးဖလာ ရှေးနှစ်ပေါင်းများစွာက စိုက်တဲ့နည်းနဲစိုက်နေကြတာဖြစ်ပြီး
ဓတ်မြေဩဇာကို ရမ်းသမ်းသုံးနေကြခြင်းဖြစ်နေကြတော့ သီးနှံက ထွက်သင့်သလောက် မထွက်ခြင်းပဲဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အရှေ့ တောင်အာရှမှာ အင်ဒိုနီးရှားပြီးရင် အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။
ဒါပေမဲ့ မြန်မာပြည်ရဲ့စိုက်ပျိုးရေးက ဝင်ငွေဟာ ဗီယက်နမ်၊ ထိုင်း၊ မလေးရှားတို့ ထက် နည်းနေတာကို တွေ့ 
ရပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်နေပြီဆိုတာကို
ပြသနေတာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

1 comment:

  1. ယခုရက်ပိုင်း သိပ်မအားတာက တစ်ကြောင်း၊ ပြီးတော့ ကျွန်တော်တို့ ရဲ့ အမြင်တွေကို စာဖတ်သူတွေ ဝင်ရောက်ဆွေးနွေးစေချင်တာကြောင့် မြန်မြန်နဲ့ တိုတိုပဲတင်ဖြစ်နေပါသည်။ နားလည်ပေးကြပါလို့ မေတ္တာရပ်ခံလိုက်ရပါသည်။ (မောင်ကျောင်းသား)

    ReplyDelete